Logo
Kyaw Zin Hlaing
2 months ago
ကျရှုံးဖူးတဲ့ သူတို့နှစ်ယောက်အကြောင်း
– – – – – – – – – – – – – – – – – – – – – –

လူတိုင်းမှာ အောင်မြင်ခြင်း၊ကျရှုံးခြင်း (၂) မျိုးရှိပါတယ်။ အောင်မြင်နေတာ့လည်း ဘဝင်မြင့်စရာမလိုသလို ကျရှုံးတော့လည်း အလွန်အမင်းဝမ်းနည်းစရာ မလိုပါဘူး။ လောကဓံ (၈)ပါးကို ကြံ့ကြံ့ခံနိုင်ဖို့ပဲ အရေးကြီးပါတယ်။ အောင်မြင်ခြင်း၊ကျရှုံးခြင်းနှင့် ပက်သက်ပြီး ပုဂ္ဂိုလ်ထူး (၂) ယောက်အကြောင်းကို ဝေငှချင်ပါတယ်။ သူတို့ကတော့ မောင်ဌေးလွင်နှင့် မောင်ခင်ပဲ ဖြစ်ပါတယ်။

မောင်ဌေးလွင်ကတော့ လူ့ဘဝနဲ့ ပထမငယ်တန်း စာမေးပွဲဝင်ဖြေတယ်။ ဝင်ဖြေတော့ ပထမငယ်တန်းမှာ စာမေးပွဲကျသွားတယ် ။စာမေးပွဲကျတော့ မောင်ဌေးလွင် နေ့စဉ်ရက်ဆက် ငိုနေခဲ့ပါတယ်။ အသက်အရွယ်ကလည်း (၁၅) နှစ်၊(၁၆) နှစ် အရွယ်ပင်ရှိသေးတာမို့ လောကဓံကို ခံနိုင်ရည်မရှိသေးဘူလေ။

မောင်ခင်ကတော့ ကိုရင်ဝတ်ပြီးမှ ပဋိယတ္တိစာမေးပွဲဝင်ဖြေတာ ပထမငယ်၊ပထမလတ်၊ပထမကြီးနှင့် ပထမကျော်အထိအောင်ပါတယ်။ ပထမကြီးအောင်ပြီးတော့ သကျသီဟဓမ္မာစရိယ (ပဋိယတ္တိသာသနာဟိတဓမ္မာစရိယ) ဝင်ဖြေတော့ မောင်ခင်စာမေးပွဲကျတယ်။ အဲလိုစာမေးပွဲကျတော့ မောင်ခင်က အသင်းလူကြီးတွေဆီသွားပြီး ပြောတယ်။

”ဒီနှစ် သကျသီဟဓမ္မာစရိယစာမေးပွဲကျတယ်။ ကျုပ် နောက်နှစ်စာသင်တန်းမှာ ပထမရစေရမယ်” မောင်ခင် အသင်းလူကြီးတွေကို ကြုံးဝါးခဲ့ပါတယ်။
မောင်ခင်က သူကြုံးဝါးတဲ့အတိုင်း စာသင်တန်းအောင်တယ်။ နောက်နှစ် စာချတန်းသုံးကျမ်းလုံးပြီးလို့ မောင်ခင်အတွက် ပဋိယတ္တိသာသနာဟိတဓမ္မာစရိယ (ဝဋံသကာ) ဘွဲ့ပင် ရရှိခဲ့ပါတယ်။

မောင်ဌေးလွင်လည်း တစ်ဖန်ပြန်လည်ကြိုးစားပြီး စာမေးပွဲတွေဖြေတာ တဖြည်းဖြည်းအောင်လာပါတယ်။

မောင်ဌေးလွင်နှင့်မောင်လွင်ဆိုတာ တစ်ခြားလူမထင်ပါနဲ့။ မောင်ဌေးလွင်ဆိုတာက နောင်အခါမှာ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဖြစ်လာခဲ့ပါတယ်။ မောင်ခင်ကတော့ နောင်အခါမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ (မင်းကွန်းဆရာတော်) ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဉာဏ်အကောင်းဆုံးမှတ်တမ်းဝင်ခဲ့တဲ့ မင်းကွန်းဆရာတော်လိုပုဂ္ဂိုလ်မျိုးတွေတောင် အကျအရှုံးဆိုတာ ရှိခဲ့ဖူးတယ်။ ကိုယ်တစ်ခါ ကျရှုံးသွားတိုင်း အားငယ်စရာမဟုတ်ပါဘူး။ အရေးကြီးတဲ့အချက်ကတော့ နောက်တစ်ကြိမ်ပြန်ကြိုးစားဖို့ပါပဲ။

မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ဆုံးမသြဝါဒကို မှီငြမ်းပါတယ်။
Kyaw Zin Hlaing
2 months ago
Kyaw Zin Hlaing
4 months ago
ကလေးအဖေဆိုပေမယ့် လူပျိုလေးလိုပဲ 🤣🤣
Kyaw Zin Hlaing
4 months ago
ဆရာကြီးဖောင်း 😍😘
Softedify
4 months ago
From a business owner to an individual who desires full functionality on a small budget, we provide you with a complete digital solution.

#Softedify
Kyaw Zin Hlaing
4 months ago
အမောင်ဖောင်းတစ်ယောက် Playground ကို လည်လည်ထွက် 🥰
Kyaw Zin Hlaing
3 months ago
Hello

#celepost
Kyaw Zin Hlaing
3 months ago
zawnaing htun
3 months ago
testing